Saturday, July 24, 2010

နော-နို-နွ-နှ---နောက်ပစ်အနက်၊ မှ နှုတ်မလုံသူမျိုး...

နောက်ပစ်အနက်၊ ၃-ပါးထွက်၊ မိန့်မြွက် ဖြေတော်မူ။ ။ ပဲနှင့်စလယ်၊ ပယ်၌၀ယ်၊ တင့်တယ် နောက်ပစ်မှ။ ဟူသော ပရိဘာသာ အရ။
(၁) ငွေ တပဲ, နှစ်ပဲ, ဟူသော အနက်၊
(၂) ဆန် တစလယ်, ဟူသောအနက်၊
(၃) မြေ တပယ်, နှစ်ပယ်, ဟူသော အနက်တို့၌ (၁ဲ, ၂ဲ) ဟု နောက်ပစ်နှင့် ရေးရ၏။

နိ-နီ-နု-နူ-နေ---နိက္ခမပါရမီ မှ နေ့၌ အိပ်သင့်သောသ...

နိက္ခမပါရမီ၏ နှောင်ကြိုး ၁၀-ဖွဲ့။ ။ ၎င်းင်းသရုပ်ကား (အနှောင်အဖွဲ့ကြီး ၁၀-ပါး)နှင့်တူ၏။

န-နာ---နံသင့် အက္ခရာမျိုး မှ နာရီ ၂-ပါး၊

နံသင့် အက္ခရာမျိုး ၃၃-လုံး။ ။
အ-တနင်္ဂနွေနံ၊
က, ခ, ဂ, ဃ, င-တနင်းလာနံ၊
စ, ဆ, ဇ, စ်, ည-အဂၤါနံ၊
ဋ, ဌ, ဍ, ဎ, ဏ၊ တ, ထ, ဒ, ဓ, န-စေနနံ၊
ပ, ဖ, ဗ, ဘ, မ-ၾကာသပေတးနံ၊
သ, ဟ- သောကြာနံ၊
လ, ၀, ဠ- ဗုဒ္ဓဟူးနံ၊
ယ, ရ- ရာဟုနံ။

ဓ---ဓမ္မကထိက မှ ဓူရ ၂ပါး

ဓနိတ အက္ခရာ ၁၀-လုံး။ ။ ကမ္မ၀ါစာဖတ်ရာ၌ အသံတင်းတင်း ပြင်းပြင်းထန်ထန်
ရွတ်ဖတ်ရသော အက္ခရာမျိုး ၁၀-လုံး။ "ခ ဃ ဆ ဈ ဋ္ဌ ဎ ထ ဓ ဖ ဘ" တို့တည်း။


ဒ---ဒက္ခိဏေယျ မှ ဒွေပဉ္စ၀ိညာဉ်

ဒက္ခိဏေယျ ပုဂ္ဂိုလ် ၈-ယောက်။ ။ မြတ်သောအလှူခံပုဂ္ဂိုလ် ၈-ယောက်။
(၁) သောတာပန်ပုဂ္ဂိုလ် ၂-ယောက်၊
(၂) သကဒါဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၃) အနာဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၄) အရဟတ္တပုဂ္ဂိုလ် ၂-ယောက်။


ထ---ထင်ရှားတင့်တယ်သော မှ ထွက်လေ၀င်လေမရှိသူ

ထင်ရှားတင့်တယ်သော အရာမျိုး ၄-ပါး။ ။
(၁) ရထား၌ အလံ၊
(၂) မီး၌ အခိုး၊
(၃) တိုင်းပြည်၌ မင်း၊
(၄) မိန်းမ၌ လင်ရှိ၊
မှတင့်တယ်လျောက်ပတ်သည်ဟူ၏၊ သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၃၉။ ဋ္ဌ။ ၉၁။

တို-တိုက်-တိုင်-တိုင်း-တြ---တိုးတက်.. မှ တြိ

« တို »

တိုးတက်ကြီးပွား၊ အကြောင်းတရား၊ လိုက်စား ၇-ဖြာ။ ။ ၎င်းင်းသရုပ်ကို (ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။


Friday, July 23, 2010

တိ-တု-တူ-တေ-တော-တော်--တိတ္ထိ မှ တော်ဝင်သူ

တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်။ ။ မူလပဏ္ဏာသ ပါဠိတော်။ ၂၅၈။ ဋ္ဌ။ ဒု-အုပ်။ ၁၃၆။ သာသနာဝင်၌ ထင်ရှား၍ ဘုရားနှင့်ပြိုင်ဖက် တိတ္ထိဆရာကြီး ၆-ယောက်။
(၁) ပူရဏကဿပ၊
(၂) မက္ခလိ ဂေါသာလ
(၃) နိဂဏ္ဍ နာဋပုတ္တ၊
(၄) သဉ္ဇယ ဗေလဋ္ဌ ပုတ္တ သိဉ္ဇည်း၊
(၅) ဗကုဓ ကစ္စာယန၊
(၆) အဇိတ ကေသ ကမ္ဗလ။


တာ---တာဒိဂုဏ်တော် မှ တာဝတိံသာ၊

တာဒိဂုဏ်တော် ၈-ပါး။ ။ လောကဓာမ်တရားရှစ်ပါးတို့တွင် အကောင်း ၄-ပါးနှင့်တွေ့၍လည်း ၀မ်းသာအားရမရှိအဆိုး ၄-ပါးနှင့်တွေ့၍လည်း ၀မ်းနဲကြေကွဲမှုမရှိ၊ ပကတိ တူမျှသော စိတ်တော်
ရှိခြင်းဂုဏ်၊ မူလပဏ္ဏာသ။ ပါ။ ၃၉၃။ ဋ္ဌ။ ဒု-အုပ်၊ ၂၈၃။


တ--တက်ရေး ၁၂ မှ တ သတ်ကာရန်

တက်ရေး ၁၂-ခန်း။ ။ မြန်မာဘုရင်များလက်ထက် ရေတပ်အမှုထမ်းလှေတော်သားတို့၏ လှေလှော်နည်းယဉ်ကျေးမှု တက်ဆန်း ဆယ့်နှစ်ခန်းကိုဆိုသည်။
(၁) ရေပေါက်ကြဲဟန်၊
(၂) ပုလဲသီဟန်၊
(၃) ပန်းဝတ်ခြွေဟန်၊

တံ---တံစိုးလက်ဆောင်မျိုး မှ တံမြက်လှည်းခြင်း

တံစိုးလက်ဆောင်မျိုး ၃-ပါး။ ။ ရန်အောင်ကြောင်းလာဘ်ပေးထိုးမှုမျိုး ၃-ပါး။ ပဌမ ၂-ပါးကား တရားမ၀င်၊ မေတ္တာတံစိုးသာ တရားဝင်မျိုးဖြစ်၏။
(၁) ပဏ္ဏာကာရ တံစိုး- ရွှေ ငွေ ကျေးကျွန် မိန်းမတို့ဖြင့် လက်ဆောင်ထိုးခြင်း၊
(၂) ၀လ္လာဘာကာရ တံစိုး- အကျွမ်းတ၀င် ခင်မင်ရင်းနှီးစွာ မျက်နှာနာအောင် ပြုလုပ်ပေါင်းသင်းမှု၊
(၃) မေတ္တာကာရ တံစိုး- မေတ္တာဘာဝနာ သမာဓိ သစ္စာတရားဖြင့် မိမိအားလေးစားယုံကြည်အောင်ပြုမှု။

ဋ- ဌ---ဋ ၀ဂ် ၅-လုံး မှ ဌာယီဘာဝမျိုး

ဋ ၀ဂ် ၅-လုံး။ ။
ဗျည်း ၃၃-လုံးတွင် "ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ"၅-လုံးတစ်စုကို ခေါ်သည်။

ဇ-စ်-ည---ဇ၀က္သာမ်ိဳး မွ ညီလာခံ...

ဇ၀က္သာမ်ိဳး ၂-ပါး။ ။ အချို့ကျမ်းတို့၌ ၅-ပါးရှိ၏။
(၁) အဂ္ဂိ ယ၀က္ခယ- မီးစား ဇ၀က်သာ၊ မဖောက်ထုံးကဲ့သို့ခပ်ပွပွရှိသည်၊ လက်ယာလက်ဝဲ ထွက်ရပ်လမ်းဆရာတို့အတွက် ၎င်းင်းမှသာအကျိုးကိုပြီးစေနိုင်၏၊
(၂) ဒက ယ၀က္ခယ- ရေစား ဇ၀က်သာ၊ အသားစဉ်းနှင့် ဖြူပျဉ်းပျဉ်းရှိ၏၊ သွေးဆေး ငန်းဆေး လျက်စားစသော ဗိန္ဓောဆရာတို့သုံးစွဲသည့်ဓာတ်တစ်မျိုး၊
၎င်းင်းကိုသုံးခြင်းကြောင့် လုပ်ရတ်သမားတို့ မည်သည့်အခါမျှ အကျိုးကိုမဖြစ်စေနိုင်ဟု သဗ္ဗဓာတုယောဂ သျှတ်ကျမ်း၌ဆိုထားလေပြီ။

ဆ---ဆံတော်မရှည် မှ ဆွေမျိုး ၄ ပါး။

ဆံတော်မရှည်၊ ဒွင်္ဂုလီ၊ မြတ်သည်ပုဂ္ဂိုလ် ၂။ ။ ဆံပင်တော်များရှည်လျားခြင်းမရှိဘဲ ဒွင်္ဂုလခေါ် လက်နှစ်သစ် နှစ်လက်မခန့်မျှ လက်ျာရစ်လည်၍ အမြဲတည်နေသောပုဂ္ဂိုလ်မြတ် ၂ ပါးကား။
၁ မြတ်စွာဘုရားသခင်၊
၂ ပစ္စေကဗုဒ္ဓါအရှင်
ဟု ဗုဒ္ဓ၀င်အဋ္ဌကထာနှင့် အပဒါန်အဋ္ဌကထာတို့၌ လာရှိ၏။

စ---စက် ၄-ပါး မှ စွယ်တော် ၄ ဆူ။

စက် ၄-ပါး။ ။ သုတ်ပါဌေယျ။ ပါ။ ၂၃၀။ ဋ္ဌ။ ၂၄၃။ လိုရာကိစ္စပြီးစီးပြည့်စုံမှုအတွက် သမ္ပတ္တိစက် ၄-ပါး၊ ဒသုတ္တရသုတ် အဋ္ဌကထာ၊
၁ ပဏ္ဍိတာနဉ္စသေ၀နစက်- ပညာရှင်ကို ဆရာတင်မှု၊ 'သပ္ပုရိသူပ နိဿယံ'။
၂ ပဋိရူပ ဒေသ၀ါသစက်- ကိုယ့်လုပ်ငန်းဆောင်တာနှင့် သင့်လျော်သောနေရာအရပ်၊ သာသနာတော်စည်ကားရာ အရပ်၊